ခင်မသိပေမယ့်
ရင်မချိအောင်လည်း လွမ်းတယ်ခင် ... ။
ခင်နမ်းစဉ် ပန်းမဖြစ်ပေမယ့်
ခင်ပစ်လျင် အခက်ပွေရ
ဪ ... ရွက်ကြွေတမျှပင် ။
ခင်ပစ်လျင် အခက်ပွေရ
ဪ ... ရွက်ကြွေတမျှပင် ။
ခင့်ကြောင့် စိတ်လည်းနွမ်းပြီခင်
ပန်းမသီချင် , လင်္ကာမရေး ။
ပန်းမသီချင် , လင်္ကာမရေး ။
မမြင်သေးရင်လည်း
ရင်ဆွေးအောင် ကျွန်တော်လွမ်းတာမို့
ခင်ပြေးရှောင် အပျော်မနမ်းပါနဲ့ ...
မျှော်တမ်းသူ ရတက်ပွေလှလေတော့
ခင်ရယ် ....
မျက်ရည်စ နွေး ။
ရင်ဆွေးအောင် ကျွန်တော်လွမ်းတာမို့
ခင်ပြေးရှောင် အပျော်မနမ်းပါနဲ့ ...
မျှော်တမ်းသူ ရတက်ပွေလှလေတော့
ခင်ရယ် ....
မျက်ရည်စ နွေး ။
မင်းခသူ