မြနန္ဒာ သို့ ...

တောင်သမန် လမ်းအစ
ပန်းနှမ တွေ့ကြုံ 
နန်းမန္တလာ့ တကွေ့ဘုံဝယ် 
တစ်နေ့ကြုံ လာသော ။
ဝင်းညိုသည့် ဆင်းကိုယ်ဟန်မှာ
ပယင်းပျိုသဏ္ဍာန် နုညက်လို့ချော ။


ကြင်နှမ ရင်ကဖိုလာ
မြင်ရကိုယ် စစ်ကြော
သခင်မပျို ချစ်ဇောနှင့်
လှစ်အမော သည်းစိုင် ။
လှိုက်အခုန် ကြိုက်,စုံမက်ပါလို့
မိုက်ဘုံထက် လွမ်းစတွေလှိုင် ။

ခင် ပွင့်သည့် ပင်မြင့်ခိုင်မှာ
သွင်တင့်နိုင် အချူခက်တာမို့
အပူယှက် ကျွမ်းရသူမှာ
တမ်းတ ဆူကာ ၊
မှန်းအဆ နွမ်းလျလာတယ်
မြန်းကြွကာ ရှုဦးကွဲ့လေး ။

မင်းခသူ ( သုံးချက်ညီတေးထပ် )