မြူ မှောင် ဝေ ကင်း သို့



သူယောင်မေ သီချင်းသီလျသလိုပ
မြူမှောင်ဝေကင်း ဆီက မြနန္ဒာ ...။

ကျွမ်းဖွယ့်ပင် မမိုက်တော်မူနဲ့ 
လွမ်းခဲ့လျင် လိုက်တော်မူလှည့်ရယ်လို့ 
စာရေးဖွဲ့ မှာ ။

လေညင်းဆော် အရောင်လျှံလွှင့်
ရွှေအင်းတော် တောင်သမန်နှင့် 
မောင်တဖန်မလင့် လှမ်းခဲ့ရာ ...
လွမ်းရက်ကြာ မဖြေသာပဲ
အချစ်ရယ် ...
တမ်းခက်စွာ ဝေဒနာသည်း ။

ဪ ... ဘယ်မှာလဲရယ်လို့ 
ဆယ်ကမ္ဘာထဲ ရှာပုံဖွင့်ပေမယ့် 
တပွင့် တညှာ တလွှာ တရွက်ကိုမှ 
သခင့် ကဗျာ အရှာခက်သလိုပ 
ရာသက်ပန် ရှောင်ကာကွင်းလေတဲ့ 
မင်းကိုမှ လွမ်းငယ်ဇောတွေနဲ့ 
( မောင့်မှာ .. ) သောကဝေဆဲ ။

မင်းခသူ
Oct 19
a n n i
2 0 1 5