ငွေနှင်း ခင် (နှင်းဘွဲ့)




ပုလဲစိုင် ကြိုးပြတ်ကျနှယ်သို့
မိုးထက်မှ သူဇာ
တိုးသက်လျ မြှူကာကွယ် 
ဖြူကမ္ဗလာ ခြုံဆင်း ။
လေအသိမ်း ကြွေယိမ်းရှာတယ်
ငွေလိမ်းကာ စုတေတဲ့နှင်း ။

ဟေမန္တ ဉာဥ့်လယ်ယံမှာ
တင့်တယ်ဟန် ဆောင်ကျဉ်း
လွင့်ပျယ်ပြန် မှောင်တွင်းက
လှယမင်း ဖြူပြာ ။
ကချေသည် သူယောင်မလို
တူအောင်လှ , လှရက်လေရှာ ။

ယဉ်လေတဲ့ နှင်းကလျာနွယ်
သီချင်းကဗျာ နရီမှုန်းပါလို့
မဒီဘုန်း သီဖွဲ့လျင် 
မီမယ့်မထင် ၊
ဥတ္တရ လေညင်းနှင်ရာ
ငွေနှင်းခင် က,ပါကွဲ့လေး ။

မင်းခသူ (အရိုးခံတေးထပ်)
Dec 27
2 0 1 6