ပင်တိုင်စံသို့ ရွှေနားတော်သွင်းတေးချင်း




နေရောင် ရွှေရောင် ငွေရောင်ထွန်း
တမေဆောင်ကွန်း မှန်းပါလျင်
မပြေအောင်ညွှန်း လွမ်းရာမြင်တယ်
နန်းလွှာသဇင် ကေခိုင်ဘုန်း ။
တော်ဝင်သူမို့ မင်းပဏ္ဏာနွယ်
သီချင်းသံသာ သီဖို့မမီနှုန်း ။

ကောင်းခြင်းငါးသွယ် ၊ ဂုဏ်ရောင်ထည်၍ ၊
တင့်တယ် မွေ့ပျော် ၊ ရွှေနန်းတော်ဝယ် ၊
ရွှေဘော်ထောင်သောင်း ၊ စံပယ်လျောင်းသည့် ၊
မျိုးကောင်း မိနတ် ၊ ဘုံကြိုးပြတ်ကို ၊
နှိုးခတ် စောင်းပေါ် ၊ တေးဖြေဖျော်နှင်း ၊
နားတော်သွင်းမည့် ၊ အမျှော်ရှိကြောင်း ၊
ဆွေးမြည့်​ စောင်းသံ ၊ ဧချင်း ပန်သည် ၊
ပင်ယံထွဋ်ဖျား လျှမ်းတည့်လေ .... ။
ရွှေဘုံစံသည့် ပန်းသိကြောင်း ။ ။

မေတ္တာသမုဒ် ဝဋ်ကြွေးသီတာ
လွတ်ရေးရည်ကာ ဆုပန်ကုံး 
မြွက်ကြွေးမည်သာ တသက်လုံးကွဲ့
မမျက်မမုန်း သစ္စာတော် ။
ပင်တိုင်စံသူ ပျင်းပြေကြောင်းနဲ့
ညှင်းဖြေမည့်စောင်း မောင်နှိုးခတ်ရှာသော် ။

ချစ်သောနှမ ဝင့်မြူးပျော်လျင်
အခွင့်ဖူးမြော် အမြန်သနားလို့
အထံအပါး ခစား ရည်တူလွှာ
မဖုရား ကြည်ဖြူပါ ။
ကြိုးစောင်းပြတ်လို့ မနောမသာပါရင်
ကျောတရာ ရင်တရာ ကြိမ်ဒဏ်ခတ်တော့လေး ။


မင်းခသူ        လူးတားညှပ်ရှစ်ဆယ်ပေါ်တေးထပ်