ဂီတ တေးပိုဒ် ၊ ဆွေးရှိုက် ရင့်ကျူး
ဉာဥ့်အဦးယံ ၊ နင့်စူး ပြန်တမ်း
ကာရန်လွမ်းချင်း ၊ ပန်းယမင်းကို
လွမ်းရင်း ငိုတ ၊ ခေါ်သမျှသည်
မျှော်ရမည်လည်း ရဲလေသူ ။
စောင်းညှို့သံဆိတ် ၊ ကိုယ့်အတိတ်မည်း
အဆိပ်သည်း နာ ၊ ကဗျာ မမှုန်း
ညာလက်ရုံးထက် ၊ သူမှေးသက်သည့်
စက္ကန့် ခဏ ၊ တဒင်္ဂအိမ်
ကြင်ရချိန်လည်း နည်းပါမူ ။
ရင်နင့် လက်ပြ ၊ လွင့်သက်ခကြွေ
ကြယ်လွှငွေပန်း ၊ ညရဲ့လမ်းမှာ
ကျွမ်းစရာ အတိ ၊ နွမ်းဖြာ ရိခွေ
မချိ ပြေနိုး ၊ ပင့်သက်ခိုးမျှင်
ငြှိုးသခင်လည်း သိပါမူ ။
ဘဝ သံသရာ ၊ မြနန္ဒာ ဖြစ်
ဖန်လာ ရစ်ဝဲ ၊ ချစ်ငရဲနှယ်
ပစ်,ခွဲ သူထား ၊ မကြင်အားလျှင်
ကားစင်အထက် ၊ ဓားတင် သတ်စမ်း
ခင့်နှုတ်ခမ်းက မိန့်တော်မူ ။
မင်းခသူ