တနွယ်ငင် လှည့်ထွက်ချင်တဲ့
စံပယ်တင် မှဲ့နက်သခင်ရဲ့
ရတက်ပေးတဲ့ မျက်ဝန်းများသည် ။
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
သူ ... စိမ်းနိုင်ပြီ ။
ငိုချင်းရှည်ကြောင်း သိပါမည် ...
မချိပါပြီ အထီးကျန်ဘဝ
ဪ ... အကြည့်ပြာရီ မီးလျှံတမျှ ။
စံပယ်တင် မှဲ့နက်သခင်ရဲ့
တနွယ်ငင် လှည့်ထွက်ချင်တဲ့
မျက်အမုန်းတော် မာန်စကားဟာ
လက်သုံးတော် လှံ ၊ ဓားပမာမို့
ချန်ထားရင် ထံအပါးတွင်မှ
လှိုင်ဖုရားသခင်မရဲ့ မုန်းအမိန့်လွှာ
မြိုင်နှစ်ပါးခွင်အကမဲ့ ရှုံးနိမ့်သူမှာ
နှလုံးသိမ့်ကာ ဇောအပူအကြွကြောင့်
မောင့်မှာတော့ ... သောကနှင့် ည ။
မင်းခသူ