သခင့် ပါးအစုံမို့အိကို
ကျီစားရုံ တို့ထိချင်တယ် ။
သခင့် စပယ်တင်မှဲ့မှာလည်း
အလွမ်းဆိုတာတွေ ...
လွင့်ပြယ်ခဲ့တယ် ။
နွေကမ္ဘာ အကုန်အခြေပြုတဲ့
ဝေဒနာ ဝသုန်မြေထုပမာမေရယ်
အကြွေလွယ် အဝေခက်ခဲ
ဪ ...
ဖြေမလွယ် နွေရက်ထဲ ။
ဖော်ကွာမစုံ
မှော်ပြာရုံ ပန်းနယ်တကြောမှာ
ရော်ဝါပုံ လွမ်းငယ်ဇောတွေနဲ့
ကြွေလျောရာ လေယူသိမ်းတယ်
မေ ... စိမ်းလို့ပဲ ။
မင်းခသူ