အကြွေကြွေ ... လွင့်လွင့်
နွေ ... နေ အပွင့်တပွင့်က
တနင့်နင့်နဲ့ နွမ်းရင့်ချိန် ။
ဂိမှာန် လမ်းတခုမှာ
အိမ်အပြန် အနမ်းလုကြတဲ့
အလွမ်းနုရောင်တိမ် ။
မိန်ရာသီရဲ့ သိင်္ဂါရီအိမ်
ဒေဝတိံ ပန်းချီကား ။
နီလာရောင် ...
သီတာသောင် သမုဒ်ထက်
ရီပြာမှောင် စုတ်ချက်တွေက
ရတက်ပွေသူ မျက်ရည်စွန်းဖို့
ညွှန်းလေသလား ။
မင်းခသူ