ချစ်သူ့လမ်းခွဲ


အလှမ်းကွာသမျှတော့
လွမ်းနာကျတယ် မပန်းမှုံ ။
ရတက်ပွေ ရက်ရှည်လင့်
ဪ ... မျက်ရည်ပွင့်ငုံ ။

ချစ်သူထားခဲ့ တောမှော်ရုံ
ပြောမကုန် ပုံပြင်များ ... ။

တစ်ခေါက်မမြင်
တစ်ယောက်ရင်ခွင်မှာ တစ်ယောက်မရှိ
တစ်ယောက်အကြင်နာ တစ်ယောက်မသိနဲ့
တစ်ယောက်၏ကမ္ဘာ တစ်ယောက်ကင်းလို့
ပိတောက်ယွင်းသလို အကျည်းတန်တဲ့
အထီးကျန် မောင့်ဘ၀နေ့များမှာလည်း
(မပန်းမှုံရယ် ... )
တစ်ထောင့်တစ်ည ရှည်လျား ။


မင်းခသူ