စောင်းကြိုးပြတ်လခြမ်း



ချစ်တဲ့ သူစိမ်းပြင်ပြင်ရေ ...
လူတစ်ယောက်ရဲ့ နှလုံးသားဟာ
တနေ့မှာ အကြိမ်တစ်သိန်းခန့်ခုန်သတဲ့
ငါလည်း နင့်ကို အကြိမ်တစ်သိန်းခန့် လွမ်းတယ် ။
အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်ကိုလည်း
ငါ ... ချိုပါတယ်လို့ ၊ တိုးတိုးသက်သက်ပြောမယ် ။
တိမ်ကင်းစင်ပြီး ကြယ်ရောင်တလဲ့လဲ့ညအေးအေးပါပဲ
အဖျားသွေးက ၁၀၀ ကျော်တယ် ။
ထုံးစံအတိုင်း အိမ်မက်ပုံ့ပုံ့နဲ့ ခေါင်းကလေးငုံ့လို့
ထုံစံအတိုင်း သတိတရရှိနေမိဦးမှာပါ
တစ်ယောက်တည်းပါပဲ
နှစ်ယောက်တည်းရှိချင်တဲ့အခါ
စောက်သည်းက ၊ ကျောက်ခဲမဟုတ်တော့
ခဏ ခဏ ... ကွဲတယ် ။
နင်ကလွဲရင် ဘယ်သူမှမြှူဆွယ်မဖြားယောင်းနိုင်လို့
သူရဲကောင်းဘွဲ့ကိုတော့ ငါလိုချင်တယ်ကွယ် ။
အမြဲတမ်းမဟုတ်တောင်
ငါ့မျှော်လင့်ချက်ထဲ ဖြတ်သွားဖြတ်လာလုပ်ပါ
ငါ့အိမ်မက်ထဲ ခြေချော်လက်ချော်ပြုတ်ကျလာပါ
ငါဟာ ... ရုပ်တဝက် နာမ်တဝက် ကွဲအက်နေသူပါ ။


K သူ