လွမ်း ... မိုးဒေဝါ


ပြိုမယောင် ညိုရောင်လဲ့
ငိုအောင်ကွဲ့ ချီကာ
ဟိုတောင်နွဲ့ နီလာဝယ်
ကတ္တီပါ ခြယ်မှုန်း ။

တိမ်ပလီ့ ဝတိံ၏ဆောင်မှာ
သိင်္ဂီ့မောင် လွမ်းရိပ်တွေဖုံး ။

ဝသန်မိုး သင်္ကြန်နှိုးလေပြီ
လျှံခိုးဝေ ရွဲကုံး
မာန်ငြိုးပေ ပုလဲလုံးက
အသည်းနုံး ခွေအောင် ။

လွမ်းဒေဝါ စွေရွာဖြိုးလို့
ဝေဒနာမိုး ပျိုးတဲ့နွေမှောင် ။

ရတက်နန်း လျှပ်ပန်းနှောင်တယ်
ထပ်နွမ်းအောင် စေညွှန်းပါနဲ့
မပြေလွန်း အရမ်းငြိုးပေတာ
လွမ်း ... မိုးဒေဝါ ။

အနမ်းခိုး ပန်းမျိုးကုဋေကုဋာ
နွမ်းညှိုးစရာ သည်းတော်မူနှင့်လေး ။


မင်းခသူ     (သုံးချက်ညီတေးထပ်)