စိမ်း




စိမ်းကားသမျှ ...
သိမ်းထားပါ့မယ် ။

စိမ်းသူ မြမျက်လုံး
လက်သုံး ဓားနှယ် ။

စိမ်းနိုင်သမျှတွေလည်း
စိမ်း ပိုင်သ,ပါပေတယ်
စိမ်းမျက်ခြယ် နှုတ်ခမ်း ။

ဪ ...
ခုတော့ သူစိမ်းတွေပေါ့
စိမ်းမေကြော့ ငယ်ငယ်
စိမ်းစေတော့ နွယ်တနွယ်
စိမ်းဘယ်လို စိမ်းဦးမလဲ
စိမ်းဘယ်လို တိမ်းဦးမလဲ
အစိမ်းဆုံး စိမ်းမေတ္တာ
အစိမ်းဆုံး စိမ်းပစ်ခွာလို့
စိမ်းရယ် ...
စိမ်းရယ် ...
စိမ်းရစ်ပါစမ်း ။


မင်းခသူ